
၁။ ဧ၀ံဂေလိသတင်းကောင်း လိုအပ်ခြင်းသခင်ယေရှုခရစ်တော်၏ ဧ၀ံဂေလိသတင်းကောင်းမရှိလျှင် လူတို့သည် ထာဝရဘုရားသခင်နှင့် ထာ၀စဥ်ကွဲကွာနေကြသည်။ ဧ၀ံဂေလိသတင်းကောင်းတရားသည် ယုံကြည်သမသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏ (ရောမ ၁း ၁၆) ။ (သခင်ဘုရား၏နာမတော်ကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတံ့ (ရောမ ၁၀း ၁၃) )။ ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သောနာမ တစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေမရှိပါ။(တမာန်တော် ၄း ၁၂)။၂။ ဘုရားသခင်အပေမှီခိုအားထားခြင်းဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ကိုယ်တော်အပေါ်မှီခိုခြင်းတို့သည် သာသနာအဖွဲ့အစည်း စတင်တည်ထောင်စဉ်ကတည်းက အခြေခံအုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ဆုတောင်းခြင်းအားကျွန်ုပ်တို့၏ သာသနာပြုကတိုင်းအတွက် အဓိကမဟာဗျူဟာတစ်ခုအဖြစ် ဆုတောင်းဆက်ကပ်ခြင်းအားဖြင့် ပါ၀င်ကြသည်။ အခြားနည်းဗျူဟာတိုင်းသည် ဆုတောင်းခြင်းကို လိုက်၍ ဘုရားသခင်နိုင်ငံတော်၏တန်ဖိုးများနှင့် တစ်သမတ်တည်းဖြစ်ရမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ရူပါရုံ၏ကြီးမားသောစိန်ခေါ်မှုမှ ရှောင်ရှားမသွားပါ။ ဘုရားသခင်သည်ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူ၏။ ၃။ သတင်းစကားကို ကြားနာရခြင်း၏ တန်ဖိုးယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏ (ရော ၁၀း ၁၇)။ စာမတတ်သောသူများ၊ မရေးနိုင်သောသူ၊ နားမလည်နိုင်သောသူ သိုမဟုတ် မဖတ်ရှုနိုင်သောသူများအတွက် ကြားနာခြင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လက်ခံရရှိနိုင်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်နိုင်သည်။ ယဉ်ကျေးမှုအရသင့်လျော်သောနည်းလမ်းများဖြင့် ဆက်သွယ်ပြောဆိုခြင်းကို ဖတ်ရှုသောသူများ၊ ကြားနာသောသူများတို့ကို သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ထိတွေ့ခြင်းသည် အလွန်အကျိုးသက်ရောက်မရှိနိုင်သည်။ အသံသွင်းခြင်းသည် လူတို့အား သတင်းစကားကို ကြားစေနိုင်သည့် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။၄။ လူနည်းစုအုပ်စုများအတွက် စိုးရိမ်ပူပန်မှုGRN ၏မဟာဗျူဟာအရ ၎င်း၏ အရွယ်အစားကြောင့် မည်သူမျှ သို့မဟုတ် ဘာသာစကားအုပ်စုကို မည်သည့်အရာမှ ဖယ်ရှားခံရလိမ့်မည် မဟုတ်ပါ။ အကယ်၍ သင့်လျော်သော သုတေသနဖော်ပြချက်က လူများသည် ဧ၀ံဂေလိသတင်းကောင်းကိုကြားရန် အသံသွင်းရန်လိုအပ်သည်ဆိုလျှင် ဘုရားသခင်၏အကူအညီဖြင့် GRN သည် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုးစားပါလိမ့်မည်။၅ ။ ကျေးဇူးတင်ချီးမွမ်းခြင်း၏ သဘောထား ကျွန်ုပ်တို့သည် အမြဲတမ်း ဝမ်းမြောက်ရွှင်လန်းရန်နှင့် အခြေအနေတိုင်း၌ ကျေးဇူးတင်တတ်ရန် ကျမ်းစာမိန့်မှာချက်များကို နှလုံးသွင်းသည် (၁ သက် ၅း ၁၆-၁၈) ။ ခက်ခဲသောအခြေအနေများတွင်ပင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရောင်ပြန်ဟပ်ရန် ကျွန်ုပ်တို့၏ အလိုဆနဖြသည်။