ဘာသာစကား တစ်ခုကို ရွေးပါ။

mic

ဝေငှသည်။ ပြောပြသည်။ အသိပေးသည်။

လင့်ကို မျှဝေပါ

QR code for https://globalrecordings.net/strategy

သာသနာလုပ်ငန်းမဟာဗျူဟာ

သာသနာလုပ်ငန်းမဟာဗျူဟာ

GRN သာသနာလုပ်ငန်းတွင် အသံသွင်းယူခြင်း၊ ဖြန့်ဝေခြင်းနှင့် သာသနာလုပ်ငန်းမြှင့်တင်ခြင်းဟူ၍ အဓိကအစိတ်အပိုင်း သုံးခုရှိသည်။

အသံသွင်းယူခြင်းမဟာဗျူဟာ

GRN သည် နိုင်ငံများစွာမှ အသံသွင်းယူသူများ၊ သုတေသီများနှင့် အခြားကျွမ်းကျင်သည့် ပညာရှင်များကို လူသစ်စုဆောင်းခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် လက်တွေ့အသုံးချရန် စေလွတ်ပေးသည်။ ဤအသံသွင်းယူသည့်အဖွဲ့များသည် သာသနာမိတ်ဖက်များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ဦးစားပေးဘာသာစကားအုပ်စုများကို ခွဲခြားသတ်မှတ်ပြီး သင့်လျော်သည့် ဇာတ်ညွှန်းများ (scripts) နှင့် အကြောင်းအရာ (content) ကို ခွဲထုတ်ပြီး မိခင်ဘာသာစကားပြောဆိုသူများနှင့် ယဉ်ကျေးမှုနှင့်သင့်လျော်သောနည်းလမ်းများကို အသုံးပြု၍ အရည်အသွေးမြင့်သော အော်ဒီယိုနှင့် ရုပ်သံအစီအစဉ်များကို ထုတ်လုပ်သည်။

ကျွန်ုပ်တို့၏ အစီအစဉ်များသည် အဓီကအားဖြင့် သမ္မာကျမ်းစာပြင်များကိုပြောပြခြင်း၊ ရှင်းလင်းချက်အနည်းငယ်ပေးခြင်းနှင့် လူများအားတုံ့ပြန်ရန်ဖိတ်ခေါ်ခြင်းအားဖြင့် ယေရှုခရစ်၏သတင်းကောင်းကို ထိရောက်စွာနှင့် ရိုးရှင်းစွာ ဆက်သွယ်ပြောဆိုရန် ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူများသည် ယေရှုခရစ်၏ တပည့်တော်များဖြစ်လာစေရန်နှင့် သူ၏ အသင်းတော်ဝင်များဖြစ်လာစေရန် ဖြစ်သည်။

ကျွန်ုပ်တို့သည် စာဖြင့်ရေးသားခြင်း မပြုဘူးသေးသော၊ ထိုဘာသာစကားအုပ်စုတွင် စာဖတ်နိုင် (သို့) ရေးနိုင်သူမရှိသော ဘာသာစကားများကို အသံသွင်းယူရန် နည်းစနစ်များကို တီထွင်ခဲ့သည်။ တိကျမှန်ကန်သောဆက်သွယ်ရေးကို သေချာစေရန် စစ်ဆေးခြင်းသည် အရေးကြီးသည်။

မည်သည့်မျိုးနွယ်စုမျှ သေးငယ်လွန်းသည်ဟူ၍ မရှိသကဲ့သို့ ဝေးလံခေါင်သီလွန်းလှသည့် ကျေးရွာဟူ၍လည်း မရှိပါ။ လူတိုင်းသည် မိမိတို့၏မိခင်ဘာသာစကားဖြင့် နားလည်နိုင်သည့်ဘာသာစကား (သို့) နည်းလမ်းဖြင့် သတင်းကောင်းကို ကြားနာရန် ထိုက်တန်သည်။ အကြောင်းမှာ "ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏" (ရော ၁၀း၁၇)

ဖြန့်ဝေခြင်းမဟာဗျူဟာ

ကျွန်ုပ်တို့သည် ဤအစီအစဉ်များကို တတ်နိုင်သမျှကျယ်ကျယ်ပြန့်ပြန့်ရရှိစေရန် ရည်ရွယ်ထားသည်။ ၎င်းတို့ကို ကမ္ဘာတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ လုပ်ငန်းပေါင်း ၄၀ ကျော်နှင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များမှတဆင့် အခမဲ့ဒေါင်းလုပ်၍ ရယူနိုင်သည်။ ကျွန်ုပ်တို့၏ အဖွဲ့အစည်းမှ ကွင်းဆင်းသည့်အဖွဲ့များနှင့် သာသနာပြုဆရာများ၊ ဧဝံဂေလိဆရာများနှင့် အသင်းတော်စတင်တည်ထောင်သူများ (church planters) သည် ကျွန်ုပ်တို့၏ ပစ္စည်းများကို ဝင်ရောက်ကြည့်ရှုပြီး အသုံးပြုကြသည်။ နိုင်ငံတကာမိတ်ဖက်များသည် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို အင်တာနက်မှတစ်ဆင့် ပိုမိုကျယ်ပြန့်သော ပရိသတ်များထံသို့ ရောက်ရှိစေပြီး micro SD ကဒ်များနှင့် အခြား သတင်းမီဒီယာတွင်လည်း ဖြန့်ဝေနိုင်ရန် ပြုလုပ်ပေးသည်။ ကျွန်ုပ်တို့သည် မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် အထူးအော်ဒီယိုစက်ကိရိယာများနှင့် အက်ပ်များကို စီစဉ်ပေးထားသည်။

သာသနာလုပ်ငန်းမြှင့်တင်ခြင်းမဟာဗျူဟာ

GRN ၏ သာသနာလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပုဂ္ဂိုလ်ရေးနှင့်ဆိုင်သောဆက်သွယ်ရေးနှင့် မီဒီယာမှတစ်ဆင့် ဆုတောင်းပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်းနှင့် စေတနာ့ဝန်းထမ်းများ (သို့) အမှုထမ်းကဲ့သို့ ပုဂ္ဂိုလ်ရေးဆိုင်ရာပါဝင်မှုတို့ဖြင့် လူတို့အား ပါဝင်ခွင့်ရရှိစေရန် ကျွန်ုပ်တို့ ရည်ရွယ်သည်။

ဆက်စပ်သတင်းအချက်အလက်များ

GRN နှင့်ပတ်သက်သည့်အကြောင်းအရာ - GRN သည် ကမ္ဘာပေါ်ရှိ လက်လှမ်းမှီမှုအနည်းဆုံးသော ဘာသာစကားအုပ်စုများအတွက် သမ္မာကျမ်းစာသွန်သင်မှုနှင့်ပတ်သက်၍ အော်ဒီယိုအသံသွင်းယူမှုများကို 6582 ဘာသာစကားများဖြင့် ထုတ်ဝေသည်

အဘယ့်ကြောင့် ပုံပြင်ပြောရသနည်း။ - ပုံပြင်ပြောပြခြင်းသည် ပေါင်းသင်းဆက်သွယ်ရေးတွင် အထိရောက်ဆုံးသောနည်းလမ်းတစ်ခု ဖြစ်သည်။

GRN အသံရုပ်ပုံ ပစည်းအရင်းမြစ်များကို မည်သို့ အသုံးပြုရမည်နည်း ၁။ ဧ၀ံဂေလိတရားဝေငှခြင်းကို လွယ်ကူစေသည် - ဤဆောင်းပါးသည် GRN အသံရုပ်ပုံ စည်းအရင်းအမြစ်များကို သာသနာပြုရာ၌ အသုံးပြုနိုင်သည့် နည်းလမ်းများစွာကို မိတ်ဆက်ပေးသည်။

ကျွန်တော်တို့သည် မည်သည့်အရာများ အသံသွင်းကြသနည်း။ - GRN သည် ဘာသာစကားနှင့်ယဉ်ကျေးမှုတစ်ခုစီအတွက် အထူးသဖြင့် အနည်းငယ်သာၡိသော လူမျိုးနွယ်စုများ၊ သီးခြားနေထိုင်သူများနှင့် သင်ထောက်ကူပြုအရင်းအမြစ် မပြည့်စုံသူများအတွက် ဘုရားသခင့်သမာတရားကို တိကျမှန်ကန်ရှင်းလင်းစွာ ဖော်ပြရန် ရည်ရွယ်သည်။

အယူဝါဒခံယူချက် - ကျွန်ုပ်တို့၏ လက်ခံယုံကြည်သည့်အရာ - GRN ၏ ယုံကြည်ခြင်းခံယူချက်။

GRN International Leadership Team - National Directors or Board members appointed by the GRN International Council work with the International Director to provide global leadership.

Global Ministry Coordinators - Coordinators who support and serve the global network in aspects of GRN work such as recordist training, information systems, global studio and member care.