ဘာသာစကား တစ်ခုကို ရွေးပါ။

mic

ဘာရေး မူ၀ါဒ

ဘာရေး မူ၀ါဒ

ကျွန်ုပ်တို့သည် ဘာငွေများ မည်သို့ရရှိပုံနှင့် ရန်ပုံငွေများ မည်ကဲ့သို့စီမံခန့်ခွဲပုံ စသည်တို့ အပါအ၀င်၊ ဘာရေးနှင့် သက်ဆိုင်သောကိစ္စရပ်များအားလုံး၌ သခင်ဘုရားအားဘုန်းတော်ထင်ရှားစေရန် GRN ၏ အလိုဆနဖြစ်ပါသည်။ ယုံကြည်စိတ်ချပြီး ဆုတောင်းသောစိတ်နှလုံးသည် သခင်ဘုရားအတွက် အလွန်တန်ဖိုးရှိသည်ဟု ကျွန်ုပ်တို့အမှန်တကယ် ယုံကြည်သည်။ အလားတူအရေးကြီးသည်မှာ ရန်ပုံငွေများ ကိုင်တွယ်ရာတွင် ရိုးသားဖြောင့်မတ်မှုနှင့်တာဝန်ခံမှု ရှိရန်ဖြစ်သည်။GRN က ဘုရားသခင်သည် ကျွန်ုပ်တို့အား ပြီးမြောက်စေရန်ပေးအပ်ထားသည့် အလုပ်အတွက် ငွေရေးကြေးရေးများ အပြည့်အဝတာဝန်ယူပေးပြီး၊ ကျွန်ုပ်တို့၏လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးသည့် ဇာစ်မြစ်ဖြစ်သည်ဟု ယုံကြည်သည်။ ကျွန်ုပ်တို့၏တာ၀န်မှာ သူ၏အလိုတော်ကို ရှာဖွေခြင်းနှင့် ကိုယ်တော်၏ အလိုတော်နှင့်အညီ ဆုတောင်းခြင်းအားဖြင့် ပြီးပြည့်စုံရန် ၊ ထိုနောက် ဘုရားသခင်သည် မိမိအလိုတော်ပြည့်စုံစေရန် လိုအပ်သော ငွေရေးကြေးရေးများအားလုံးကို ပေးလိမ့်မည်ဟု မျှော်လင့်လျက် ဝမ်းမြောက်စွာစောင့်စားခြင်း ဖြစ်သည်။ဘုရားသခင့်လူများသည် လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးသော ပုံမှန်လမ်းကြောင်းများဖြစ်ကြောင်း GRN မှ အသိအမှတ်ပြုသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စာပေများ၊ အစည်းအဝေးများနှင့် ကိုယ်ရေးကိုယ်တာ အဆက်အသွယ်များမှတဆင့် ၎င်းတို့နှင့် ဆက်သွယ်ရေးလုပ်ရန် တာ၀န်ၡိပါသည်။ သို့မှသာ ၎င်းတို့အနေဖြင့် မည်သို့ပါ၀င်ဆောင်ရွက်နိုင်ကြောင်းကို ၡင်းလင်းစွာနားလည်သဘောပေါက်ခြင်းအပါအ၀င်၊ သာသနာလုပ်ငန်းနှင့်ပါတ်သက်၍ လုံလောက်သော အသိပေးမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် တောင်းခံခြင်းမၡိဘဲ သတင်းအချက်အလက်များ ထောက်ပံ့ပေးသည်။GRN ပစ္စည်းများကို များသောအားဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပြီး၊ ရံဖန်ရံခါ ထောက်ပံ့မှုများကို ရၡိနိုင်သည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေး အကန့်အသတ်ကြောင့် ဧ၀ံဂေလိသတင်းကောင်းခံယူခွင့်ကို မည်သူမျှ ကန့်သတ်ၡိခြင်းကို မလိုချင်ပါ။

ဆက်စပ်သတင်းအချက်အလက်များ

ကမ္ဘာလုံးဆိုင်ရာ အသံသွင်းကွန်ယက် GRNကို လှူဒါန်းပါ - Global Recordings Network သည် အကျိုးအမြတ်မယူသော သာသနာပြုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းသည် အဓိကအားဖြင့် ဘုရားသခင့်လူများ၏ လက်ဆောင်ပေးခြင်းများဖြင့် လုပ်ငန်းလည်ပါတ်လုပ်ဆောင်သည်။

GRN ကို မည်သို့ ငွေကြေးထောက်ပံ့သနည်း။ - ဘုရားသခင်သည် ကျွန်ုပ်တို့လိုအပ်သမျှ၏ အရင်းအမြစ်ဖြစ်ပြီး ကျွန်ုပ်တို့၏ လိုအပ်ချက်များ၊ အထူးသဖြင့် မိမိလူမျိုးတော်များ၏ ရက်ရောစွာပေးသော လက်ဆောင်များကိုထောက်ပံ့ပေးရန် ဘုရားသခင်သည် လမ်းကြောင်းအမျိုးမျိုးကို အသုံးပြုပါသည်။

Copyright and Licensing - GRN shares its audio, video and written scripts under Creative Commons