ဘာသာစကား တစ်ခုကို ရွေးပါ။

mic

ဝေငှသည်။ ပြောပြသည်။ အသိပေးသည်။

လင့်ကို မျှဝေပါ

QR code for https://globalrecordings.net/whatwerecord

ကျွန်တော်တို့သည် မည်သည့်အရာများ အသံသွင်းကြသနည်း။

GRN သည် ဘာသာစကားနှင့်ယဉ်ကျေးမှုတစ်ခုစီအတွက် အထူးသဖြင့် အနည်းငယ်သာၡိသော လူမျိုးနွယ်စုများ၊ သီးခြားနေထိုင်သူများနှင့် သင်ထောက်ကူပြုအရင်းအမြစ် မပြည့်စုံသူများအတွက် ဘုရားသခင့်သမာတရားကို တိကျမှန်ကန်ရှင်းလင်းစွာ ဖော်ပြရန် ရည်ရွယ်သည်။ ဤသို့ပြုလုပ်ရန် ကျွန်ုပ်တို့သည် အသံနှင့်ရုပ်မြင်သံကြား အမျိုးမျိုးကို ထုတ်လုပ်သည်။ အသံတစ်ခုသာလင် အစီအစဉ်များ အများအပြား ကွဲပြားခြားနားသော လိုအပ်ချက်များ ပါ၀င်နိုင်သည်။ ဒေသန္တရဆိုင်ရာ ယဉ်ကျေးမှုပေါ်မူတည်၍ လူထု၏လိုအပ်ချက်များနှင့် မှန်ကန်သောအကူအညီရရှိမှုတို့ကို (သို့) အောက်ပါအစိတ်အပိုင်းများအားလုံးသည် အစီအစဉ်တွင် အသုံးပြုနိုင်သည်။သီချင်းများ။ ယဉ်ကျေးမှုအများစုသည် သီချင်းဆိုရသည်ကို နှစ်သက်ကြပါသည်။ သီချင်းများသည် စကားပြေထက် မှတ်မိရန် လွယ်ကူသည်။ ဧ၀ံဂေလိတရားသတင်းစကားကို ဒေသန္တရသီဆိုမှုပုံစံများဖြင့် အပြန်အလှန်ဆက်သွယ်နိုင်သော နေရာသည် အလွန်ထိရောက်မှု ရှိလိမ့်မည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဒေသန္တရပုံစံနှင့် ဒေသန္တရတူရိယာများဖြင့် သခင်ယေရှု၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း သီချင်းဇာတ်လမ်းတစ်ပုဒ်ကို ကြားရသောအခါ Milne Bay PNG မှ ဘာသာစကားအုပ်စုလူငယ်တစ်ဦးမှ သာသနာပြုများက ကျွန်ုပ်တို့ထံသို့ ဧ၀ံဂေလိတရားကို အစအဦးကတည်းက ဤကဲ့သို့ယူဆောင်လာခဲ့မည်ဆိုလင် တုန့်ပြန်မှုများ ပို၍ကောင်းကောင်း ရရှိခဲ့ပါလိမ့်မည်။ သမ္မာကျမ်းစာ။ သမ္မာကျမ်းစာကို ပြန်ဆိုထားပြီး သင့်တော်သောနေရာများတွင် သမ္မာကျမ်းစာ အသံသွင်းခြင်းသည် လူတို့အတွက် ကြီးမားသောကောင်းချီးနှင့် အကူအညီဖြစ်စေနိုင်သည်။ ဤအစီအစဥ်များသည် သမ္မာကျမ်းစာ၏ စာအုပ်များ၊ ရွေးချယ်မှုများ၊ လွယ်ကူသည့်စာဖတ်သူ၏ ဘာသာပြန်နှင့် အခြားအလားတူ ထုတ်လုပ်မှုများ ပါဝင်နိုင်သည်။ သက်သေခံချက်။ သေခြင်းမှ အသက်ရှင်ခြင်းသို့ခရီးကို ဒေသခံလူတစ်ဦး၏ ဇာတ်လမ်းသည် အလွန်အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။ ကဗျာနှင့်ဆိုရိုးစကားပုံများ။ ယဉ်ကျေးမှုများစွာသည် ယင်းတို့ကို အလွန်ရိုသေလေးစားကြသည်။ ဒေသခံကျွမ်းကျင်မှုရှိသော အကူအညီပေးသူများ ရရှိနိုင်ပါက ဤပုံစံများဖြင့် သမ္မာကျမ်းစာ သမ္မာတရားကို ပြောဆိုခြင်းသည် နှလုံးထိမိစွာ ပြောဆိုနိုင်သည်။ပြဇာတ်၊ စကားအချီအချ အပြန်အလန်ပြောဆိုဟန် အရေးအသားများ၊ မေးခွန်းများနှင့်အဖြေများများသည်လည်း ကောင်းမွန်သော အကျိုးသက်ရောက်မှုအဖြစ် အသုံးပြုခဲ့သည်။ကျွန်ုပ်တို့၏ အသံအစီအစဉ်အများစုသည် ယေဘုယျအားဖြင့် ဘ၀အသက်သာ အမည် ဖြစ်သည်။ ၎င်းတို့တွင် အထက်ပါလိုအပ်ချက်များ ပါ၀င်နိုင်သော်လည်း အဓိကအားဖြင့်ကျွန်ုပ်တို့၏ ရိုးရှင်းသည့် သမ္မာကျမ်းစာပုံပြင်များနှင့် သမ္မာကျမ်းစာသတင်းစကားများ၏ စာကြည့်တိုက်များပေတွင် အခြေခံတည်ဆောက်ပါလိမ်မည်။
  • Our Programs

    Our Programs

    Select from a range of programs in 6582 language varieties.

ဆက်စပ်သတင်းအချက်အလက်များ

သာသနာလုပ်ငန်းမဟာဗျူဟာ - GRN သည် ကမ္ဘာတစ်လွှားရှိ နိုင်ငံများသို့ သာသနာပြုအသံသွင်းယူမှုပြုသူများ (recordists) ကို လေ့ကျင့်သင်ကြားပေးသည်။ မည်သည့်ဘာသာစကားမျှ မထင်မရှားဖြစ်လွန်းသည်ဟူ၍ မရှိသကဲ့သို့ ဝေးလံခေါင်သီလွန်းလှသည့် ကျေးရွာဟူ၍လည်း မရှိပါ။

GRN နှင့်ပတ်သက်သည့်အကြောင်းအရာ - GRN သည် ကမ္ဘာပေါ်ရှိ လက်လှမ်းမှီမှုအနည်းဆုံးသော ဘာသာစကားအုပ်စုများအတွက် သမ္မာကျမ်းစာသွန်သင်မှုနှင့်ပတ်သက်၍ အော်ဒီယိုအသံသွင်းယူမှုများကို 6582 ဘာသာစကားများဖြင့် ထုတ်ဝေသည်

အဘယ့်ကြောင့် ပုံပြင်ပြောရသနည်း။ - ပုံပြင်ပြောပြခြင်းသည် ပေါင်းသင်းဆက်သွယ်ရေးတွင် အထိရောက်ဆုံးသောနည်းလမ်းတစ်ခု ဖြစ်သည်။