GRN အသံ စာကြည့်တိုက်

GRN အသံ စာကြည့်တိုက်
GRN သည် ၁၉၃၉ ခုနှစ် စတင်ခဲ့သည့်ချိန်မှစ၍ ကျွန်ုပ်တို့၏ နယ်မြေကွင်းအသံသွင်းသူများသည်ကျွန်ုပ်တို့၏ ကမ္ဘာ၏ရှိ လူနည်းစုဘာသာစကားများကို အသံဖမ်းယူလုပ်ဆောင်ခဲ့ကြသည်။ ယခုအခါ ကျွန်ုပ်တို့၏ အသံစာကြည့်တိုက်တွင် ဘာသာစကားနှင့်မျိုးကွဲစကားပေါင်း ၆၀၀၀ ခန့် ပါ၀င်သည်။ ၎င်းသည် အနှစ် ၇၀ ကျော်တွင် တစ်ပတ်လျှင်ဘာသာစကား ၁ ခုကျော် အသံသွင်းယူခဲ့ရသည်။၎င်းသည် ထူးခြားသော သယံဇာတတစ်ခုဖြစ်ပြီး ကမ္ဘာ့သာသနာများတွင် အခြားအရာများနှင့်လုံး၀မတူပါ။ GRN အသံစာကြည့်တိုက်၌ မည်သည့်အရာ ရှိသနည်း။အချို့သော ဘာသာစကားများတွင် အသံနှင့်ရုပ်မြင်ပြသ တင်ပြချက်များအတွက် နာရီများစွာ ရှိပါသည်။ အခြားသူများအတွက်မူ အလွန်သေးငယ်သော အသံပမာဏသာ ဖြစ်သည်။ နောက်ထပ်ပို၍ လိုအပ်နိုင်ပါသည်။ကနဦးအစမသည် ကျွန်ုပ်တို့၏ အဓိကအလေးထားမှု့မှာ စာကောင်းကောင်းမတတ်မြောက်သောသူများ၊ သူတို့မရရှိနိုင်သည့် ကျမ်းစာမရှိသောသူများနှင့် အခြားသူများက မကြာခဏသတိမထားမိသော လူမျိုးနွယ်စုလေးများအတွက် ဖြစ်သည်။ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ယေရှုခရစ်၏ ဧဝံဂေလိတရားသတင်းကောင်းကို သူတို့၏ နှလုံးသားဘာသာစကားဖြင့် သူတိုကြားနာနိုင်စေရန် လမ်းဖွင့်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် ဘုရားသခင့်သတင်းစကားကို နားလည်သဘောပေါက်ရန်နှင့် တုန့်ပြန်ရန်နှင့်တပည့်တော်ဖြစ်ခြင်း၏ လမ်းခရီးကိုအစပြုရန် အထောက်အကူပြုမည့် မြင့်မားသော အကျိုးထိရောက်မှု အသံသွင်းခြင်းများကို ထုတ်လုပ်ရန် ရည်ရွယ်သည်။အသံသွင်းမအများစုကို လွန်ခဲ့သောအချိန်များက ပြုလုပ်ခဲ့သည်။ ယင်းတို့အနက် အချို့သည်အသုံး၀င်၍ ထိရောက်မှုရှိမည် ဖြစ်သော်လည်း အချို့မှာမူ ထိရောက်မလျော့နည်းလိမ့်မည်။ အသံသွင်းမများစွာ၏ အသံအရည်အသွေးသည် အလွန်ကောင်းသော်လည်း အခြားသောအရာများကမူ ကျွန်ုပ်တို့လိုချင်သော အရည်အသွေးမရှိကြပါ။ ဖြစ်နိုင်လင် အသံအရည်အသွေးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေကြပါသည်။အခမဲ့ဒေါင်းလုပ်ဆွဲခြင်းများကျေးဇူးပြု၍ ဒေါင်းလုပ်ဆွဲပါ။ စမ်းသပ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် သင်ထောက်ကူပစည်များကိုအသုံးပြုပါ။ကျွန်ုပ်တို့သည် သင်ထောက်ကူပစ္စည်းများ အကြောင်းနှင့်ပါတ်သက်၍ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်းခြင်းအပေ သင်တို့၏ မှတ်ချက်ပေးခြင်းများကို ကြိုဆိုပါသည်။ကျွန်ုပ်တို့သည် သင်တို့ကိုထပ်မံကူညီနိုင်လျှင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဆက်သွယ်ပါ။

ဆက်စပ်သတင်းအချက်အလက်များ

ဧ၀ံဂေလိတရားတော်နှင့် သမ္မာကျမ်းစာသွန်သင်ခြင်းအတွက် အရင်းအမြစ်များ။ (သင်ထောက်ကူပြု ပစည်းကိရိယာများ)။ - Global Recordings Network သည် ဧဝံဂေလိတရား ဟောပြောခြင်းနှင့် အခြေခံကျမ်းစာသင်ကြားခြင်းများအတွက် ၊ ရုပ်ပုံစာအုပ်များနှင့် လက်ဖြင့်လှည့်၍ဖွင့်ရသော အသံဖွင့်စက်များနှင့်အတူ ထောင်ပေါင်းများစွာသော ဘာသာစကားများဖြင့် အသံဖိုင်များကို ထုတ်လုပ်ပါသည်။

Copyright and Licensing - GRN shares it's audio, video and written scripts under Creative Commons