GRN အသံရုပ်ပုံ သင်ထောက်ကူပြု အရင်းအမြစ်များကို မည်သို့ အသုံးပြုရမည်နည်း။ အပိုင်း ၂။ ပိုမိုနက်ရှိုင်းစွာလေ့လာခြင်။

GRN အသံရုပ်ပုံ သင်ထောက်ကူပြု အရင်းအမြစ်များကို မည်သို့ အသုံးပြုရမည်နည်း။ အပိုင်း ၂။ ပိုမိုနက်ရှိုင်းစွာလေ့လာခြင်။
ပိုမိုနက်ရှိုင်းစွာလေ့လာခြင်းနိဒါန်းGRN အသံ-ရုပ်မြင်ပြသခြင်းများတွင် သတင်းကောင်း၊ ကြည့်ရှုပါ၊နားထောင်ပါ၊အသက်ၡင်ပါနှင့်အသက်ရှင်သောခရစ်တော် စသည်တို့ ပါ၀င်ပါသည်။ ဤတင်ပြချက်များအတွက် ဇတ်ညန်းစာမူများသည် ကျမ်းစာမှပုံပြင်များ ဖြစ်သည်။ သူတို့သည် သမ္မာကျမ်းစာ ဘာသာပြန်များ မဟုတ်သော်လည်း သမ္မာကျမ်းစာ ဆိုလိုရင်းကို ရိုးရှင်းစွာနှင့် သင့်လျော်စွာပေးရန် ရည်ရွယ်ပါသည်။မူရင်း ဇတ်ညန်းစာမူတွင် ရှင်းလင်းချက်မရှိပါ။အဘာကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင့်စကားတော်ကို ကြားနာသူများ၏ နှလုံးသားကို ပြောပြစေချင်သောကြောင့် ဖြစ်သည်။ နားထောင်သူများအား ဘုရားသခင်သည်သူ၏ သတင်းစကားကို ကြားစေလိုသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာပုံပြင်မှ ဘုရားသခင်ပေးလိုသော သတင်းကို ကျွန်ုပ်တို့ တိတိကျကျသိသည်ဟု ယူဆခြင်းဖြင့် နည်းလမ်းကိုသွားရန်သို့မဟုတ် ရလဒ်ကိုအသုံးချရန် မလိုချင်ပါ။ သမ္မာကျမ်းစာကို ဘာသာရေးနောက်ခံ၊ ကမ္ဘာ့အမြင်၊ ယဉ်ကျေးမှုနှင့် လက်ရှိပါတ်၀န်းကျင် အခြေအနေများကဲ့သို့သော အကြောင်းရင်းများစွာကြောင့် သမ္မာကျမ်းစာ အနက်ဖွင့်ဆိုချက်ကို လွှမ်းမိုးနိုင်သည်။ ဆိုလိုသည်မှာ သမ္မာကျမ်းစာသည် ပကတိအမှန်တရားကို မဖော်ပြကြောင်း သို့မဟုတ် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်အားလုံးသည် တူညီသော တရားမျှတမှုရှိသည်ဟု ပြောရန်မဟုတ်ပါ။ သို့သော် ဘုရားသခင်သည် သတင်းတရား၏ ကွဲပြားသောရှုထောင့်အမျိုးမျိုးကို လူအမျိုးမျိုးသို့ တူညီသောပုံပြင်ဇာတ်လမ်းမှ မတူကွဲပြားခြားနားသော အချိန်များတွင် ယူဆောင်လာရန် ရွေးချယ်နိုင်သည်။ အဓိက(ဦးစားပေး)ရည်မှန်းချက်ပန်းတိုင်ဤ အထောက်အကူပြုစာရွက်စာတမ်းကို သုံးရာတွင်ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတို့အားဘုရားသခင့်သတင်းစကားကို လူများအား သတင်းစကားကဘာလဲ၊ သို့မဟုတ် ၎င်းမှ မည်သည့်ကောက်ချက်ကိုမဖော်ပြရန် ကူညီရန် ဖြစ်သည်ကို နားလည်သဘောပေါက်ရန်အရေးကြီးပါသည်။ လူများကို ဤပုံပြင်ဇတ်လမ်းဖွင့်ပြောပြရန်၊ အတွင်းနှလုံးထဲထိဝင်ရန်နှင့် ဘုရားသခင်၏စကားကို နားထောင်စေရန် ကျွန်ုပ်တို့ကူညီပေးချင်ပါသည်။ဘေးဖယ်ထားသည့်အနေဖြင့် နတ်အားဖြင့် ပြောဆိုဆက်သွယ်သူများသည် အနောက်တိုင်းစာတတ်မြောက်မှု နောက်ခံရှိသူများထက် ပုံပြင်ဇတ်လမ်းမှ အရေးကြီးသင်ခန်းစာများကို ဆွဲယူရာ၌ ပို၍ ကောင်းသည်။သင်ယူမှုနှင့် ဆက်သွယ်ခြင်းပုံစံများယဉ်ကျေးမှုတစ်ခုအတွင်း၌ပင် လူတို့သည် ကွဲပြားခြားနားစွာ သင်ယူကြသည်။ အချို့က စာအုပ်တစ်အုပ်မှ သင်ယူနိုင်သည်၊ အချို့တို့ကို သင်ပြရန်လိုအပ်သည်။ တချို့က သူတို့ကြားသည်ကိုကောင်းကောင်းမှတ်မိနိုင်စွမ်း ရှိကြသည်။ အခြားသူများက ရေးထားသည်မဟုတ်လျှင် မေ့လျော့သွားကြသည်။ ထို့အပြင် သင်ယူမှုနှင့် ဆက်သွယ်ရေးနည်းစနစ်များသည် ယဉ်ကျေးမှုတစ်ခုချင်းစီမှ ကွဲပြားသည်။ ရိုးရာဓလေ့ လူ့အဖွဲ့အစည်းတစ်ခုတွင် ငယ်ရွယ်သော ဆရာတစ်ဦးသည်ယုံကြည်စိတ်ချရမှု နည်းပါးနိုင်သည်။ အနောက်နိုင်ငံတွင်မှု ဤကဲသ်ု့ မဟုတ်ချေ။ အချို့သောယဉ်ကျေးမှုများတွင် သက်ကြီးရွယ်အိုများသည် ရိုးရာဓလေ့အစဉ်အလာကို သယ်ဆောင်လာခြင်းဖြစ်သည်။ အခြားတစ်ခုမှာ ၎င်းသည် တရားဝင်ပုံပြင်ဇာတ်လမ်းပြောသူများ ဖြစ်ကြသည်။မေးရန်မေးခွန်းများစွာရှိပါသည်။ အမျိုးသားများသည် အမျိုးသမီးများကို သင်ကြားပေးနိုင်သလော သို့မဟုတ် အပြန်အလှန် ပြောဆိုနိုင်ပါသလား။ တစ်ဦးတစ်ယောက်က ထင်မြင်ချက်ကိုထုတ်ဖော်ပြောဆို နိုင်ပါသလား၊ သြဇာလွှမ်းမိုးမှုနှင့် အာဏာရှိသူများက မည်သူများနည်းဟု မေးရန်မေးခွန်းများစွာ ရှိပါသည်။ သီချင်းများ၊ ဒရာမာပန်းချီကားများသည် အခြေအနေအမျိုးမျိုးအတွက် မည်သည့် ဆက်စပ်မှု့ပုံစံသည် သင့်လျော်မှု့ ရှိပါသလား။ မေးခွန်းများကို အသုံးပြုနိုင်ပါသလား၊ သို့မဟုတ် သင့်လျော်မှု့ရှိဘူးပါလား။ ယဉ်ကျေးမှုက သင့်ကို သင်သည် သဘောတူညီမှု့မရှိရင်တောင်မှ သင်သည် သဘောတူညီသည်ဟု ပြောဆိုရန် အမြဲတောင်းဆိုနေပါသလား။ ဟု အနည်းငယ် နာမည်ဖော်ပြပေးရန် လိုအပ်သည်။ကောင်းမွန်သော သင်ကြားမှုသည် ပစ်မှတ်ထားသော လူစုလူအဖွဲ့စည်း၏ သင်ကြားမှုနှင့် ဆက်သွယ်ဆက်ဆံရေးပုံစံများကို နားလည်သဘောပေါရန် ပါ၀င်ပါလိမ့်သည်။ အရွယ်အစားအားလုံးနှင့်ကိုက်ညီမှု နည်းလမ်းမရှိသော်လည်း အခြေအနေများစွာတွင် အသုံးချနိုင်သည့်ကျယ်ပြန့်သောအခြေခံမူများ ရှိပါသည်။အသုံးပြုရန်အတွက် လမ်းညွှန်ချက်များ ကျွန်ုပ်တို့၏ အဓိကရည်ရွယ်ချက်မှာ လူတို့အားဘုရားသခင့်သတင်းစကားကို ကြားရန်၊ နားလည်ရန်နှင့် တုံ့ပြန်ရန်ဖြစ်သည်ဆိုပါက ယင်းကိုလွယ်ကူချောမွေ့စေရန် ကျွန်ုပ်တို့ မည်သည့်အရာကို ပြုလုပ်နိုင်သနည်း။၁။ ဆုတောင်းပါ။၎င်းသည် ဝိညာဉ်ရေးရာ အလုပ်ဖြစ်ပြီး လူများကယ်တင်ခြင်းသို့ ရောက်ရန်ဖြစ်ပြီး ဘုရားသခင်၏ ယုံကြည်ခြင်းနှင့်သိကျွမ်းခြင်း၌ ကြီးထွားလာစေရန် သန့်ရှင်းသောဝိညာဉ်၏ လုပ်ဆောင်မှုသည် မရှိမဖြစ်လိုအပ်ပါသည်။ ဤနေရာတွင် ဖြတ်လမ်းများနှင့်အခြားရွေးချယ်စရာမရှိချေ။ ဆုတောင်းခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။၂။. အစပြုခြင်းနှင့် ပုံမှန်အလုပ်လုပ်ရန်ဖြစ်နိုင်ချေရှိသော နေရာမှ ဖန်တီးမှုဖြင့်အစပြုပါ၊ ပစ်မှတ်ထားသောအုပ်စုတွင် အကျွမ်းတဝင်ရှိသောအရာများနှင့် ဆက်သွယ်မှုပြုလုပ်ပါ။ မြောက်များစွာသော ပစ္စည်းကြောင်းအရာများကို မြန်မြန်ဆန်ဆန်ဖုံးရန် မကြိုးစားပါနှင့်။ အကယ်၍ သတင်းကောင်း(GN) သို့မဟုတ် ကြည့်ပါ၊ နားထောင်းပါ၊ အသက်ၡင်ပါ (LLL) ဟောပြောတင်ဆက်မှုများကို အသုံးပြုလင် သဘာ၀ကျကျရပ်နားရမည့်နေရာတွင် ခတရပ်နားထားခြင်းနှင့်အပြန်အလှန်ဆက်သွယ်မှုများကို ကြိုတင်ပြင်ဆင်ထားပါ။ ဇတ်လမ်းပုံပြင်တစ်ခုလုံးကို တစ်ကြိမ်တည်းကောင်းစွာ ကြားနားခြင်း၌ ကြားရခြင်းသည် တန်ဖိုးရှိပါသည်။ ထို့ကြောင့် ပရိသတ်က သင့်ကို ဦးဆောင်းသွားပါစေ။ သူတို့ကို ယခုသို့မဟုတ် မနက်ဖြန်ပိုပြီး ကြားချင်ပါသလားဟု မေးပါ။၃။ လူများအား ပုံပြင်ဇတ်လမ်း၏ အတွင်းအဖြစ်အပျက်ကို ကူညီပေးခြင်းဇတ်လမ်းအကြောင်းကို ထပ်ခါထပ်ခါ အပြန်အလန် ဖွင့်ခြင်း၊ ပြီးဆုံးအောင်ပြုလုပ်ခြင်း၊ သင့်ထံကို ဇတ်လမ်းအကြောင် ပြန်ပြောခိုင်ရန်နှင့် ပြန်ၡင်းပြခိုင်ရန် သူတို့ကို ပြောပါ။၄။. အသိပညာအဆင့်ကို ကြီးထွားလာစေခြင်း ဘုရားသခင့်လက္ခဏာနှင့် သူ၏အကြံအစည်ကို ဖော်ပြသော ဓမ္မဟောင်းကျမ်းကို အသုံးပြုပါ။ ပစ္စည်းအသစ်များကို အချိန်တိုင်း မိတ်ဆက်မပေးပါနှင့်။၅။ သင့်လျော်သော မေးမြန်းခြင်းကို အသုံးပြုပါ။ အကယ်၍ မေးခွန်းများသည် သင့်လျော်ပါက ဤကဲ့သို့သော မေးခွန်းများကို ဖွင့်ပေးရန်ကြိုးစားပါ။ ၎င်းတို့သည် ညွှန်ကြားချက်များမဟုတ် များစွာသော ဇာတ်လမ်းများနှင့် အသုံးပြုနိုင်သည်။ ဆိုလိုသည်မှာ သင်သည် ဇာတ်လမ်းတစ်ခုစီအတွက် ကွဲပြားခြားနားသော မေးခွန်းများကိုမှတ်ထားရန်မလိုခြင်း ဖြစ်သည်။ဇတ်လမ်းပုံပြင်နှင့်ပါတ်သက်ပြီး သည်သည် မည်သည့်အရာကို ကြိုက်နှစ်သက်ခဲ့သနည်း။အချို့လူများသည် ပုံပြင်ဇာတ်လမ်းနှင့်ပတ်သက်၍ မနှစ်သက်သည်အကြောင်း သင်မည်သို့တွေးသနည်း။မည်သည့်ဇာတ်ကောင် (ရှိခဲ့လျှင်) မည်သူမည်ဝါဖြစ်ကြောင်း အများဆုံးဖော်ပြနိုင်ပါသလား။ဤပုံပြင်ဇတ်လမ်းသည် ဘုရားသခင်အကြောင်း မည်သည့်အရာကို သင်ကြားပေးသနည်း။ဤပုံပြင်ဇတ်လမ်းသည် လူများအကြောင်းကို မည်သည့်အရာက ကျွန်ုပ်တို့ကို သင်ကြားပေးပါသနည်းး။မည်သည့်တုံ့ပြန်မှုမျိုး သင်ဤပုံပြင်ဇတ်လမ်းကို ပြုလုပ်စေချင်သနည်း။သင်သည် ပုံပြင်ဇတ်လမ်းနှင့်ပတ်သက်၍ မေးမြန်းချင်သော မေးခွန်းရှိပါသလား။အထက်ပါ မေးခွန်းများကိုဖြေဆိုရန် နောက်ဆက်တွဲမေးခွန်းများကို ဖြေဆိုကူညီရန် အသုံးပြုနိုင်သည်။ ဥပမာ။ ။ မေးခွန်း ၅ ကိုဖြေဆိုရန် (အကယ်၍ သင်ကနဦးတုန့်ပြန်မှု သိပ်မရရှိလျှင်) ထိုလက်သေနေသောလူနာကို ကျန်းမာခြင်းပေးသည့်ယေရှုကို လူအုပ်ကြီးက မည်သို့တုံ့ပြန်ခဲ့သနည်း။ သူတို့သည် အဘယ်ကြောင့် ဤကဲ့သို့တုန့်ပြန်သည်ဟု သင်ယူဆပါသနည်း။သူတို့၏ယဉ်ကျေးမှုတွင် ဤကဲ့သို့သော ပုံပြင်ဇတ်လမ်းအဖြစ်အပျက်မျိုးရှိမရှိ သူတို့ကိုမေးမြန်းသင့်ပါသည်။ သူတို့ကို သင့်အားပြောပြရန် ပြောပါ။ သူတို့ပြောသည့်ဇာတ်လမ်းသည် မည်သို့ကွာခြားသနည်းဟု မေးမြန်းပါ။ ဇာတ်လမ်းဖြစ်ရပ်ပေမူတည်၍ သို့မဟုတ် ထိုအချိန်ကာလတွင်မည်သို့ဖြစ်ပျက်သည့်ပေါ်မူတည်၍ ကွဲပြားခြားနားသော အခြေအနေများတွင် အသုံးပြုနိုင်သည့် အခြားမေးခွန်းများများစွာရှိပါလိမ့်မည်။ ဤဥပမာအချို့ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။ လူများသည် ယေရှု၏ဆုံးမဩဝါဒပေးနောက်တော်သို့ လိုက်မည်ဆိုလျှင် သင်၏ ရွာ၊ မိသားစု၊ ဘဝ မည်သို့ ကွာပြားခြားနားသွားပါမည်နည်း။ ဤပုံပြင်ဇတ်လမ်း၌ရှိသော အခြေအနေသည် သင်၏မိသားစု သို့မဟုတ် ရွာနှင့် မည်သို့ ကွာခြား(တူညီ)သနည်း။ဤပုံပြင်ထဲမှ ဇာတ်ကောင်သည် ဘယ်အရာလုပ်သင့်သည်ဟု သင်ယူဆသနည်း။ဘုရားသခင်၊ သခင်ယေရှသည် ဤသို့ပြောခဲ့သည်ဟု အဘယ်ကြောင့် ယူဆသနည်း။၆။. ဖန်တီးမှုရှိရန်နှင့် သင်ခန်းစာများကို မျှဝေပေးခြင်း ဤအရာသည် နိဒါန်းလမ်းညွှန်သာ ဖြစ်သည်။ အကူအညီဖြစ်စေပြီး ထိရောက်မှုရှိကြောင်း သင်တွေ့ရှိခဲ့လျှင် ကျေးဇူးပြု၍ ကျွန်ုပ်တို့နှင့်မျှဝေပါ။ အကယ်၍ သင်သည် အမှားများပြုလုပ်မိပြီးအခြားသူများက ၎င်းတို့ထံမှ သင်ခန်းစာယူနိုင်သည်ဟု မှတ်ယူပါက ၎င်းတို့ကိုလည်း မျှဝေပါ။ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။

ဆက်စပ်သတင်းအချက်အလက်များ

ဧ၀ံဂေလိတရားတော်နှင့် သမ္မာကျမ်းစာသွန်သင်ခြင်းအတွက် အရင်းအမြစ်များ။ (သင်ထောက်ကူပြု ပစည်းကိရိယာများ)။ - Global Recordings Network သည် ဧဝံဂေလိတရား ဟောပြောခြင်းနှင့် အခြေခံကျမ်းစာသင်ကြားခြင်းများအတွက် ၊ ရုပ်ပုံစာအုပ်များနှင့် လက်ဖြင့်လှည့်၍ဖွင့်ရသော အသံဖွင့်စက်များနှင့်အတူ ထောင်ပေါင်းများစွာသော ဘာသာစကားများဖြင့် အသံဖိုင်များကို ထုတ်လုပ်ပါသည်။

GRN အသံရုပ်ပုံ ပစည်းအရင်းမြစ်များကို မည်သို့ အသုံးပြုရမည်နည်း ၁။ ဧ၀ံဂေလိတရားဝေငှခြင်းကို လွယ်ကူစေသည် - ဤဆောင်းပါးသည် GRN အသံရုပ်ပုံ စည်းအရင်းအမြစ်များကို သာသနာပြုရာ၌ အသုံးပြုနိုင်သည့် နည်းလမ်းများစွာကို မိတ်ဆက်ပေးသည်။

အသံနှင့်ရုပ်မြင်သံကြားပစ္စည်းများ - ဘာသာစကားပေါင်း ၆၀၀၀ ကျော်ဖြင့် ယဉ်ကျေးမှုအရ သင့်လျော်မှုရှိသော သင်ထောက်ကူပြု အရင်းအမြစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလက်ရှိပြီး၊ အထူးသဖြင့် နတ်အားဖြင့် ဆက်သွယ်ပြောဆိုသူများအတွက် အထူးသင့်လော်ပါသည်။